အသားအရေအတွက် လွယ်ကူ ရိုးရှင်း ထိရောက်သော နည်းလမ်းလေး တစ်ခု
27-Feb-2017
ဒီနည်းလမ်းလေးကတော့ အသားအရေအတွက် လွယ်ကူ ရိုးရှင်း ထိရောက်စေမယ့် နည်းလမ်းလေး တစ်ခုပါ။ သူငယ်ချင်း တစ်ယောက် ပြန်လည်ပြောပြခဲ့တဲ့ နည်းလမ်းလေး ပါ။ သူဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ရတာလို့ ပြောပါတယ်။ Hollywood မင်းသားကြီး ပေါလ်နယူးမင်း နှင့် Hollywood မင်းသမီးကြီးတစ်ယောက် တို့ လက်တွေ့ ပြုလုပ်ကြတဲ့ နည်းလို့ သိရပါတယ်။ အသားအရေကို ချောမွေ့ တင်းရင်းစေပြီး
နူးညံ့စေပါတယ်။ ရေရှည် စွဲပြီး လုပ်ဖို့ လိုပါတယ်။
လိုအပ်တာကတော့ ပင်လယ် ဆားငန်ရေ ( မရဘူးဆိုရင်တော့ ရေထဲကို ဆားထည့်ပြီး ဖျော်ထားတဲ့ ဆားရေကို သုံးပါ) နဲ့ ရေခဲတုံးလေးတွေပါပဲ။ ညအိပ်ယာ ဝင်ခါနီးတိုင်း ရေချိုးဇလုံကြီးတစ်ခုခု ပဲဖြစ်ဖြစ်၊ ဘေဇင် မှာပဲ ဖြစ်ဖြစ် ဆားငန်ရေထဲ မှာ ရေခဲတုံးလေးတွေ ထည့်ပါ။ ရေအေးလာပြီဆိုရင် အဲဒီရေထဲမှာ မိမိ အသက်အောင့်နိုင် သလောက် အောင့်ပြီး မျက်နှာကို စိမ်ပေးဖို့ပါပဲ။ လေရှူ ပိုက်ရှိလို့ အသုံးပြုမယ်ဆိုရင်တော့ အချိန်အကြာကြီး စိမ်ထားလို့ ရတာပေါ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : အလှအပ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

